Jan 22,2021

History of Formica

news_image

၁၉၁၃ -၁၉၃၀
Formica ကို ၁၉၁၃ခုနှစ်မှာ Daniel J. O’Conor နဲ့ Harbert A. Faber တို့က ပလတ်စတစ်ရိုက်စင်ကို သုံးပြီး အသုံးတည့် သတ္တုပစ္စည်းတစ်ခုအဖြစ် ထုတ်လုပ်ရင်း စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ၁၉၃၀ ခုနှစ်မှာ ကုမ္ပဏီအဖြစ် Laminate ထုတ်ကုန်တွေကို စတင်ထုတ်လုပ်ခဲ့ပါတယ်။

၁၉၃၁ - ၁၉၄၉
၁၉၃၁ ခုနှစ်မှာ Formica ကို ကဖေးအတွင်းပိုင်းတွေ၊ နိုက်ကလပ်တွေနဲ့ ဇိမ်ခံသင်္ဘောတွေမှာ အသုံးပြုခဲ့ကြပြီး ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာချိန်မှာ ကုမ္ပဏီက စစ်တွင်းအသုံးပြုပစ္စည်းတွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။

၁၉၅၀ - ၁၉၅၈
Post-war ကာလမှာတော့ Formica Laminate တွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၄သန်းအထိရောက်ရှိခဲ့ပြီး ကုမ္ပဏီအနေနဲ့လည်း နာမည်ကျော်တဲ့ “Skylark” Pattern လိုမျိုးတွေကို အဓိက ကြော်ငြာဖြန့်ဖြူးခဲ့ပါတယ်။

၁၉၆၀ - ၁၉၈၃
Formica Laminate တွေဟာ မော်ဒန် Lifestyle မှာ တစ်ကမ္ဘာလုံးအသုံးပြုတဲ့ ပစ္စည်းတစ်ခုဖြစ်လာပြီး ဒီဇိုင်းနဲ့ ပုံစံတွေကိုလည်း အမျိုးမျိုး တီထွင်ထုတ်လုပ်ခဲ့ပါတယ်။

၁၉၈၅ - ၁၉၉၉
၁၉၈၀ ပြည့်လွန်နဲ့ ၁၉၉၀ ကာလတွေမှာ Formica ဟာ စီးပွားရေးအပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ပြီး ခေါင်းဆောင်ပိုင်းတွေလည်း ဒီကာလအတွင်းမှာ အပြောင်းအလဲတွေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ နိုင်ငံတကာအထိ ဆက်လက်ခြေလှမ်းတိုးချဲ့နိုင်ခဲ့ပြီး Formica Canada Inc လို ကုမ္ပဏီခွဲတွေပေါ်လာတဲ့အပြင်၊ ကာလာ၊ Pattern အသစ်တွေကိုလည်း စျေးကွက်ကို ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။

၂၀၀၀ - ၂၀၁၂
၂၀၀၇ခုနှစ်မှာ Fletcher Building, Ltd. က Formica ရဲ့ အာရှ၊ ဥရောပနဲ့ မြောက်အမေရိက Divisions တွေကို ဝယ်ယူခဲ့ပြီး Fletcher ရဲ့အောက်မှာ Formica ဟာ စျေးကွက်ထဲမှာ အကြီးမားဆုံး Brand အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

၂၀၁၃ - ၂၀၂၀
၂၀၁၃ ခုနှစ်မှာ Formica ရဲ့ နှစ် ၁၀၀ ပြည့်ပွဲကို တစ်ကမ္ဘာလုံး ဆင်နွှဲခဲ့ကြပြီး၊ လက်ရှိအချိန်အထိ HPL စျေးကွက်အတွင်း သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှု အပြည့်အဝရရှိထားတဲ့ Brand တစ်ခုအဖြစ်နဲ့ ဆက်လက်ရပ်တည်လျက်ရှိပါတယ်။
Formica ကို မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် Live Life Co.,Ltd က တင်သွင်းရောင်းချနေတာဆိုရင်လည်း ယခုဆိုရင် ၁၀ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်…