Jan 22,2021

Live Life ရဲ့ Solid Surface Installation Workshop

img
Live Life နဲ့ ပရိဘောဂလုပ်ငန်းလုပ်ကိုင်သူတွေရဲ့ ပညာစီးဆင်းဖလှယ်မှုတွေကိုတော့ ကိုဗစ်ရောဂါကလည်း မဟန့်တားနိုင်ခဲ့ပါဘူး။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့၊ နေ့လည်ပိုင်းမှာ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်ချိုလမ်းပေါ်က
Home Decorator School
နဲ့ Live Life တို့ပူးပေါင်းပြီး Solid Surface Installation workshop ကို သင်ကြားပို့ချပေးခဲ့ပါတယ်။
 
ဒီ Workshop မှာတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ်သုံးစွဲလာပြီဖြစ်တဲ့ Montelli Solid Surface တွေကို အိမ်သုံး ပရိဘောဂတွေမှာ တပ်ဆင် Install လုပ်ပုံ၊ လုပ်နည်းအဆင့်အဆင့်ကို သင်တန်းဆရာ ကိုထွန်းအောင်ကျော်က စနစ်တကျ သင်ကြားပေးခဲ့ပြီး Live Life အဖွဲ့သားတွေကလည်းလက်တွေ့ လုပ်ဆောင်ပြသခဲ့ပါတယ်။
 
ဒါကြောင့် Live Life မိတ်ဆွေတို့အားလုံးကိုလည်း မိမိအိမ်မှာ Montelli Solid Surface တွေကို ကိုယ်တိုင်ပြင်ဆင် သုံးစွဲစေလိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ Workshop ပွဲရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်...